မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၉ ယောက်နဲ့ ဖွဲ့စည်းတာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီက ဇန်နဝါရီ ၃၁ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။အခုဖွဲ့စည်းလိုက်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာတော့ အရင်က ၁၂ ယောက်ကနေ အခု ၉ ယောက်နဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဦးပေါ်လွင်စိန် ပဲ ဆက်လက်တာဝန်ယူထမ်းဆောင်မှာ ဖြစ် ပြီး အဖွဲ့ဝင်တွေအဖြစ် ဦးကျော်စိုး၊ ဒေါက်တာ သန်းမြင့်၊ ဒေါက်တာ မြင့်သူမြိုင်၊ ဦးတင်အောင်၊ ဦးကျော်မြင့်၊ ဦးဝင်းလှိုင် ဦး (ခေါ်) ကုန်ဇမှုန်း၊ ဦးသန်းဝင်း၊ ဦးတင်ကိုကို တို့ကပဲ ဆက်လက်တာဝန်ယူထမ်းဆောင်မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကိုတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး စတင်ဖွဲ့စည်းတုန်းက အဖွဲ့ဝင် ၁၄ ယောက်ထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။