မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ ထိတွေ့သိမြင်ပြီး ပြတိုက်တွေရဲ့ အခန်းကဏ္ဍကို နားလည်သဘောပေါက်စေဖို့အတွက် ပြတိုက်တွေကို မဖြစ်မနေ လာရောက်လေ့လာသင့်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောပါတယ်၊၊မေလ ၂၇ ရက် မနက် ၁၀ နာရီအချိန်လောက်က အမျိုးသားပြတိုက်(ရန်ကုန်)မှာ ကျင်းပတဲ့ (၄၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ၊၊

အခုခေတ်ပြတိုက်တွေဟာ Active Learning Center တွေအဖြစ် ရပ်တည်လာပြီး ယဉ်ကျေးမှုအမွေအနှစ်တွေကို ခင်းကျင်းပြသထားရုံသာမက လေ့လာသင်ယူနိုင်ဖို့ ပတ်ဝန်းကျင်တွေကို ဖန်တီးပေးတဲ့အတွက် ကျောင်းသား လူငယ်တွေအနေနဲ့ ပြတိုက်ကို လာရောက်လေ့လာတဲ့အခါ သမိုင်း၊ အနုပညာကစပြီး သိပွံနည်းပညာအထိ ဘာသာရပ်မျိုးစုံ အကြောင်းအရာတွေကို တစ်နေရာတည်းမှာ စူးစမ်းလေ့လာနိုင်ကာ ပညာဗဟုသုတ အပြည့်အဝ ရရှိနိုင်စေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောပါတယ်၊၊

အဲဒီအပြင် လူငယ်တွေအနေနဲ့ ပြတိုက်တွေနဲ့ ပူးပေါင်းပြီး လူငယ်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ယဉ်ကျေးမှုစောင့်ရှောက် ရေးကဏ္ဍတွေမှာ ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ကြစေလိုတယ်လို့လည်း ပြောပါတယ်၊၊(၄၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ် အခမ်းအနားမှာ အသိပညာပေး ဟောပြော ပွဲတွေ ပြုလုပ်ခဲ့သလို မြန်မာ့ရိုးရာခြင်းလုံးအက၊ မြန်မာ့ရုပ်သေးအကတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် တွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်၊၊