ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ရုံးအဆောက်အအုံတွေကို သတ်မှတ်ကာလအတွင်း ပြီးစီးမှု ရှိစေရေး ဆောင်ရွက်သွားဖို့ လိုတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားပါတယ်။မေ ၂၇ ရက်၊ ညနေပိုင်းက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဝန်ကြီးရုံး အဆောက်အအုံတွေ ကို ကြည့်ရှုစစ်ဆေးရာမှာ မှာကြားခဲ့တာပါ။ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အအုံနဲ့ အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အအုံတို့ဟာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားခဲ့ရတဲ့ အဆောက်အအုံတွေ စာရင်းမှာ ပါဝင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရေရှည်ခိုင်ခံ့မှု ရှိစေဖို့နဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက် အအုံတွေ ဖြစ်စေရေးအတွက် ငလျင်ဆိုင်ရာပညာရှင်တွေ ဆောက်လုပ်ရေးဆိုင်ရာ ပညာရှင်တွေရဲ့ အကြံဉာဏ် ရယူတာ၊ မြေအရည်အသွေး စမ်းသပ်စစ်ဆေးတာ၊ စနစ်တကျ တွက်ချက်တည်ဆောက်တာတွေကို ဆောင်ရွက် သွားဖို့ လိုတယ်လို့ ဆိုပါတယ်။ကနဦး ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီး ရုံးအဆောက်အအုံတွေ ပြန်လည်တည် ဆောက်တဲ့ လုပ်ငန်းတွေကို သတ်မှတ်ကာလအတွင်း ပြီးစီးမှု ရှိစေရေး ဆောင်ရွက်သွားဖို့လိုကြောင်း မှာကြားခဲ့ တာ ဖြစ်ပါတယ်။