ရုပ်သံထုတ်လွှင့်ရာမှာ AI ခတ်နဲ့အညီ လိုက်ပါဆောင်ရွက်နိုင်ရေး အမြဲတမ်း လေ့လာဆောင်ရွက်ဖို့ လိုတယ်လို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဇန်နဝါရီ ၂၂ ရက်က တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(တောင်ညို)ကို သွားရောက်ကြည့်ရှု စစ်ဆေးရာမှာ ပြော ကြားခဲ့တာပါ။

ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခြား ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေက ထုတ်လွှင့်နေတာ တွေကို ကြည့်ရှုလေ့လာပြီး အားနည်းချက်၊ အားသာချက်တွေကို သင်ခန်းစာဖော်ထုတ်ကာ မိမိတို့ ရုပ်သံထုတ် လွှင့်မှုတွေ တိုးတက်စေရေး ဆောင်ရွက်ဖို့ လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ကျန်းမာရေးအသိပညာပေး အစီအစဉ်တွေကို အလေးထားထုတ်လွှင့်ပေးဖို့ လိုပြီး အရွယ်သုံးပါးစလုံး နားလည် နိုင်တဲ့ အစီအစဉ်တွေဖြစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် မိမိတို့ နိုင်ငံဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း တွေကို အဓိကဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုးမွေးမြူရေးပညာပေးအစီအစဉ်တွေကိုလည်း လူအများ နားလည်အောင် ရိုက်ကူးထုတ်လွှင့်ပေးဖို့ လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ရုပ်မြင်သံကြားထုတ်လွှင့်ရာမှာလည်း အသံတွေ မှန်ဖို့ လိုအပ်သလို တည်ကြည်တဲ့ ရုပ်အနေအထားနဲ့ ပျော့ပျောင်း တဲ့ အနေအထား ရှိစေရေး သတိထားဖို့ လိုအပ်တယ်လို့လည်း မှာကြားခဲ့ပါတယ်။