ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော်ကို စက်တင်ဘာ ၁၆ ရက်ကနေ ၂၄ ရက်အထိ အားကစားနည်း ၂၄ နည်းနဲ့ ကျင်းပသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေသိရပါတယ်။
အဲဒီအမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့တဲ့ ရက်ပိုင်းကကျင်းပခဲ့တာပါ။
နေပြည်တော်မှာကျင်းပမယ့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်မှာ အောင်မြင်မှုတွေပိုမိုရရှိလာစေဖို့အတွက်ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော်မှာ ခရိုင်ပြိုင်ပွဲတွေကျင်းပသွားမှာဖြစ်ပြီး အဲဒီကတစ်ဆင့် လက်ရွေးစင်အားကစားသမားတွေကို စိစစ်ရွေးချယ်ကာ အောက်တိုဘာလကစပြီး စခန်းသွင်းလေ့ကျင့်တာတွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအဆင့် အားကစားပွဲတော်မှာတော့ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘိလိယက်နဲ့စနူကာ၊ လက်ဝှေ့၊ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု၊ ခရစ်ကတ်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ဂျုဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ရေကူးစတဲ့ အားကစားနည်း ၂၄ နည်းနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။