နေပြည်တော်မှာ ယာယီရုံးအဆောက်အအုံတွေအဖြစ် အသုံးပြုနိုင်ဖို့အတွက် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းက တစ်ဆင့် မီးရထားနဲ့သယ်ယူလာတဲ့ Modular(prefabricated)Office(၁၀၈)လုံးဟာ မေလ(၆)ရက်က ရွာတော် ဘူတာကို ရောက်ရှိလာခဲ့တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကနေ သိရပါ တယ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းဟာ ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ဦးမျိုးမြင့်တို့နဲ့အတူ အဲဒီပစ္စည်းတွေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါတယ်။

နေပြည်တော်ကို ရောက်ရှိလာတဲ့ Modular(prefabricated)Office တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးကို (၂၅)လုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုရုံးကို(၅)လုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို အလုံး (၃၀)၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို(၄၄)လုံး ဖြန့်ဝေနေရာချထားပေးခဲ့ပြီး ကျန်ရှိနေ တဲ့ Modular တွေနဲ့ ရုံးသုံးပရိဘောဂပစ္စည်းတွေကို ဝန်ကြီးဌာနတွေကို ဆက်လက် ဖြန့်ဝေသွားမှာြဖစ်တယ်လို့ သိရပါတယ်။