ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။ ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ပြည်သူတွေအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေကနေ လိုအပ်တဲ့ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးဖို့ နစက ဥက္ကဋ္ဌက ဇန်နဝါရီ ၁၇ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ထည့်သွင်းမှာကြားခဲ့ပါတယ်။

ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ပြည်သူတွေကို လိုအပ်တဲ့ ထောက်ပံ့မှုတွေ စီစဉ်ဆောင်ရွက်ပေးဖို့အတွက် စာရင်းကောက်ယူရာမှာ ဘုန်းကြီးကျောင်း စတဲ့ ယာယီခိုလှုံရာ စခန်းတွေမှာ ရောက်ရှိခိုလှုံနေကြရသူတွေအပြင် ဆွေမျိုးသားချင်းတွေရှိရာ ရပ်ကွက်၊ ကျေးရွာတွေ၊ ဝန်ထမ်းအိမ်ရာတွေမှာ နေထိုင်တာ၊ မိမိအစီအစဉ်နဲ့ နေအိမ်ငှားရမ်းနေထိုင်တာ၊ အခြားနည်းနဲ့ နေထိုင်သူတွေ အားလုံး ပါဝင်တယ်လို့ ဆိုပါတယ်။

အခုလို နေရပ်စွန့်ခွာလာတဲ့သူတွေကိုထောက်ပံ့ပေးမယ်ဆိုရင် တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ဖြစ်စေ တယ်လို့ ရန်ကုန်မြို့ကို ယာယီနေရပ်စွန့်ခွာလာသူ အမျိုးသားတစ်ယောက်က ပြောပါတယ်။ ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ပြည်သူတွေကို လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ အကျုံးဝင်သူအားလုံး ပါဝင်အောင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက စာရင်းကောက်ယူဖို့နဲ့ အကျုံးဝင်သူ အားလုံးကလည်း စာ ရင်းကောက်ယူရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ နှိုးဆော်ထားပါတယ်။