အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ် ၆၃ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် ၂/၂၀၂၅ကို ဇူလိုင် ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အရေးပေါ်အခြေအနေ ကြေညာထားတဲ့မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို မူလအခြေအနေကို ပြန်လည်ရောက်ရှိစေဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး အဲဒီမြို့နယ်တွေရဲ့ ညအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အဲဒီလုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်တဲ့ စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းကို ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအမိန့်ဟာ ထုတ်ပြန်လိုက်တဲ့ ဇူလိုင် ၃၁ ရက်ကစပြီး ရက်ပေါင်း ၉၀ အထိ အတည်ဖြစ် တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။