မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရာမှာ နျူကလီးယားနဲ့ ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအပါအဝင် သဘောတူစာချုပ်တွေ၊ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ပါတယ်။ လက်မှတ်ရေးထိုး လဲလှယ်တဲ့ အခမ်းအနားကို မတ်လ ၄ ရက်၊ ဒေသစံတော်ချိန် ည ၇ နာရီအချိန်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာ ကျင်းပခဲ့တာပါ။

လက်မှတ်ရေးထိုးလဲလှယ်ခဲ့တဲ့ နားလည်မှုစာချွန်လွှာတွေကတော့ နှစ်နိုင်ငံအကြား ပညာအရည်အချင်း သတ်မှတ် ချက်နဲ့ ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီတွေ အပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက်ခွန် ကိစ္စရပ်တွေဆိုင်ရာ သဘောတူညီချက်တွေ၊ ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွေ၊ ယဉ်ကျေးမှုနဲ့ အားကစားကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ခြင်း စာချွန်လွှာတွေ၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရာမှာ နျူကလီးယားနဲ့ ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက် ရေး နားလည်မှုစာချွန်လွှာတွေ၊ ဘူမိဗေဒလေ့လာရေးနဲ့ ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနဲ့နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွေ၊ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ ပြင်ပအာကာသစူးစမ်းလေ့လာ ရေးနဲ့ အသုံးပြုမှုနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနဲ့ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(မူကြမ်း)အပေါ် ဆွေးနွေးညှိနှိုင်းမှု အောင်မြင်စွာပြီးမြောက်ခြင်းနဲ့စပ်လျဉ်းတဲ့ ပူးတွဲကြေညာချက်တွေ ဖြစ်ပါတယ်။

အဲဒီသဘောတူစာချုပ်တွေ၊ နားလည်မှုစာချွန်လွှာတွေကို ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးတွေက ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်က သက်ဆိုင်ရာဝန်ကြီးတွေ တာဝန်ရှိသူ တွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့ရှေ့မှောက်မှာ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြတာဖြစ်ပါတယ်။