သက်ဆိုင်ရာ မီဒီယာဥပဒေတွေ Update ညွှန်ကြားချက်တွေနဲ့အညီ ဂရုပြု လိုက်နာ ဆောင်ရွက်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မှာကြားပါတယ်။ဇွန်လ ၁၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ရွှေသံလွင် မီဒီယာကုမ္ပဏီလီမိတက် SKYNET ရုံးချုပ်မှာ ရုပ်သံရိုက်ကူးထုတ်လုပ်ရေးနဲ့ ထုတ်လွှင့်ရေး လုပ်ငန်းတွေကို လာရောက် ကြည့်ရှုအားပေးစဉ် မှာကြားခဲ့ တာပါ။

ဦးစွာ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်ရဲ့ Senior Chairwomen ဒေါ်နန်းမောက်လောဝ်ဆိုင်က ကုမ္ပဏီရဲ့ အစည်းအဝေးခန်းမမှာ ကုမ္ပဏီရဲ့ ထုတ်လွှင့်မှု အခြေအနေ၊ တိုးချဲ့ထုတ်လွှင့်မယ့် အစီအစဉ်၊ အုပ်ချုပ်မှု ကိစ္စရပ် တွေနဲ့ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရှင်းလင်းတင်ပြပါတယ်၊၊ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပုဂ္ဂလိကမီဒီယာတွေအနေနဲ့ နိုင်ငံတော် အတွက် ဝိုင်းဝန်းပံ့ပိုးပေးဖို့လိုအပ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အစိုးရနဲ့ ပုဂ္ဂလိက မီဒီယာတွေအကြားမှာ ပေါင်းကူးအဖြစ် ဆောင်ရွက်ပေးနေကြောင်း၊ အွန်လိုင်းမှ တချို့ကိစ္စတွေကိုလည်း သတိထားဖို့လိုကြောင်း၊ အနုပညာဆိုတာ လူတွေကို ဖမ်းစားနိုင်ကြောင်း၊ အနုပညာသက်သက်နဲ့ သွားတာက ပိုမိုကောင်းမွန်ပါကြောင်း၊ မှတ်မှတ်ထင်ထင်ဖြစ်အောင် Myanmar Idol လို ပရိုဂရမ်မျိုးဟာ လုပ်ဆောင်ဖို့ မလွယ်ပါကြောင်း၊ လူမှုရေးလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေအတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ အခုမန္တလေးငလျင်ကြီးမှာ ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးရတဲ့ ပီတိမျိုးဟာ တခြားပီတိတွေနဲ့ မတူပါကြောင်း၊ သတ်မှတ်ခွင့်ပြုထားရှိတဲ့ မီဒီယာ ကျင့်ဝတ် နဲ့ သက်ဆိုင်ရာ ဥပဒေ၊ ညွှန်ကြားချက်တွေနဲ့အညီ ဂရုပြု လိုက်နာဆောင်ရွက်ဖို့ မှာကြားခဲ့ပြီး လိုအပ်တဲ့ ကိစ္စရပ်တွေကိုလည်း ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးခဲ့ပါတယ်၊၊

အဲဒီနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်ရဲ့ ရုပ်သံ ရိုက်ကူး ထုတ်လုပ်ရေးနဲ့ ထုတ်လွှင့်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ Studio အခန်းတွေကို လိုက်လံကြည့်ရှုပါတယ်၊၊အဲဒီကနေတစ်ဆင့် ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်ပိုင် ရွှေထွဋ်တင်ဝင်းကို သွားရောက်ကြည့်ရှုပြီး ရွှေထွဋ် တင်ဝင်းမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ စတူဒီယိုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ရှင်းပြ ကြပါတယ်၊၊အဲဒီနောက် ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့ဟာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။