ကချင်ပြည်နယ်၊ ဗန်းမော်မြိုနယ်အတွင်း တပ်မတော်က ရဟတ်ယာဉ်တစ်စီး သယ်ယူပိုဆောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေစဉ် မေ ၂၀ ရက်၊ နေ့လယ်ပိုင်းက စက်ချို့ယွင်းပြီး ပျက်ကျမှု ဖြစ်ပွားခဲ့တယ်လို နစက သတင်းထုတ်ပြန် ရေးအဖွဲက ထုတ်ပြန်ပါတယ်။

တပ်မတော်က သယ်ယူပိုဆောင်ရေး ရဟတ်ယာဉ်တွေဟာ ဗန်းမော်မြိုနယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေး နဲ့ နယ်မြေစိုးမိုးရေး တာဝန်တွေ ထမ်းဆောင်နေတဲ့ တပ်မတော် ရှေ့တန်းလုံခြုံရေးစခန်းတွေရှိ တပ် ဖွဲဝင်တွေအတွက် လိုအပ်တဲ့ အုပ်ချုပ်မှုဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေ သွားရောက်ပိုဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာလာ တယ်လို ဆိုပါတယ်။အဲဒီလို ထွက်ခွာလာစဉ် ရဟတ်ယာဉ် တစ်စီးဟာ ဗန်းမော်မြိုရဲ့ အနောက်တောင်ဘက် မီတာ (၁၄၀၀၀) ခန့်အကွာ ရောက်ရှိစဉ် ရုတ်တရက် စက်ချိုယွင်းပြီး မတော်တဆပျက်ကျမှု ဖြစ်ပွားခဲ့တာလို ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။

အခုလို ရဟတ်ယာဉ် ပျက်ကျခဲ့မှုအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီး ရဟတ်ယာဉ် ပျက်ကျတဲ့ နေရာတစ်ဝိုက်ကိုလည်း လုံခြုံရေးတပ်ဖွဲဝင်တွေ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေး နဲ့ လို အပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို ထုတ်ပြန်ထားပါတယ်။ဗန်းမော်မြိုနယ်အတွင်း တပ်မတော်ရဟတ်ယာဉ်ကို KIA တပ်ဖွဲက ပစ်ချခဲ့တယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြမှုတွေလည်း တွေ့ရပါတယ်။