တပ်မတော်သားတွေအနေနဲ့ တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာမှာ ပြည်သူသာအမိ၊ ပြည်သူသာအဖ လို့ သဘောထားပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို စိတ်ရင်းစေတနာမှန်နဲ့ ဆောင်ရွက်သွားဖို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းမှာကြားပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပပြုလုပ်တဲ့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင် တန်း အမှတ်စဉ် (၁၂၈) သူရတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောကြား ရာမှာ ထည့်သွင်းမှာကြားခဲ့တာပါ။တပ်မတော် နဲ့ ပြည်သူအကြား စည်းလုံးညီညွတ်မှု အားနည်းပါက တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းတွေကို စွမ်း အားပြည့် ဆောင်ရွက်နိုင်မှာ မဟုတ်တဲ့အတွက် တပ်ပြင်စည်းရုံးရေး လုပ်ငန်းတွေကိုလည်း အလေးထား ဆောင် ရွက်သွားဖို့ လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

သင်တန်းဆင်းပြီး ကျရာတာဝန်တွေကို ထမ်းဆောင်ရာမှာ တစ်ဦးချင်း တစ်ယောက်ချင်းအလိုက် အသိစိတ်နဲ့ အရာ ရှိကောင်းတွေ ဖြစ်အောင် ထိန်းသိမ်းနေထိုင်သွားရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် တပ်မတော်ရဲ့ အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် နိုင်ငံတော်အတွက် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ကာကွယ်ခဲ့တဲ့ ကောင်းမြတ်တဲ့ အတိတ်သမိုင်းကြောင်း အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြဖို့ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။