ပြည်ပကိုသွားရောက်လုပ်ကိုင်မှုတွေကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးမှုတွေ ဖြစ်နေတဲ့အတွက် ပြည်ပကိုသွားရောက်လုပ်ကိုင်တာထက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာလုပ်ကိုင်နိုင်ရေး ဆောင်ရွက်ဖိုလိုတယ်လို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ပြောပါတယ်။မေလ၁ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ပေးပိုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ရဲ့ သဝဏ်လွှာမှာ အခုလိုဖော်ပြထားတာပါ။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တချိုမှာ Job Fairsတွေ ကျင်းပပြီး One Stop Servicesနဲ့ အလုပ်ခန့်ထားနိုင်အောင် ဆောင်ရွက်ပေးသလို ထိရောက်တဲ့အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် Labour Exchange Management Systemရေးဆွဲပြီး Websiteမှာ လွှင့်တင်ပေးထားတယ်လို ဆိုပါတယ်။ပြည်ပကို မြန်မာအလုပ်သမားတွေ စေလွှတ်ရာမှာလည်း လစာဝင်ငွေနဲ့ အကျိုးခံစားခွင့်ကောင်းတဲ့ နိုင်ငံတွေကို ဦးစားပေးစေလွှတ်ပြီး သတ်မှတ်ကာလပြည့်မြောက်လို မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ အရေအတွက်နဲ့ စေလွှတ်ရမဲ့အရေအတွက်တိုကို နှိင်းယှဉ်တွက်ဆပြီး ပြည်တွင်းမှာအလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေဖိုနဲ့ ပြည်ပမှာ အလုပ်လုပ်ကိုင်နိုင်ဖို ဖန်တီးဖော်ဆောင်ပေးနေတယ်လို ပြောပါတယ်။

ဒါ့အပြင် အာမခံအလုပ်သမား အကျိုးခံစားခွင့်အနေနဲ့ မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရတဲ့ အာမခံအလုပ်သမားတွေအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ကျပ် ၂၁ဘီလီယံကျော် ထောက်ပံ့ပေးသွားဖို စီစဉ်ဆောင်ရွက်နေတယ်လို သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။