မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဘိလပ်မြေစက်ရုံတွေ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ပြည်ပက ကျွမ်းကျင်ပညာရှင်တွေ ခေါ်ယူနိုင်ရေး၊ လိုအပ်တဲ့စက်ပစ္စည်းတွေ ပြည်ပက မှာယူနိုင်ရေးအတွက် ထောက်ခံဆောင်ရွက်ပေးနေတယ်လို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောပါ တယ်။

ဧပြီ ၁၀ ရက်က ပြုလုပ်တဲ့ ဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိင်းအစည်းအဝေးမှာ အခုလို ပြောကြား လိုက်တာပါ။မန္တလေး ငလျင်ကြီးဒဏ်ကြောင့် ပြည်တွင်းမှာရှိတဲ့ ဘိလပ်မြေစက်ရုံ ၉ ရုံထဲက ၅ ရုံ ထိခိုက်ပျက်စီးခဲ့တယ်လို လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေး ငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းက ဘိလပ်မြေစက်ရုံ ၄ ရုံနဲ့ နေပြည်တော် ကောင်စီနယ်မြေက ဘိလပ်မြေစက်ရုံ ၁ ရုံ ထိခိုက်ပျက်စီးခဲ့တာဖြစ်တယ်လို ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ အဆောက်အအုံ ပျက်စီးမှု များပြားခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် ဘိလပ်မြေတန်ချိန် အမြောက်အမြား လိုအပ်နေတာ ကြောင့် ဘိလပ်မြေစက်ရုံတွေ ပြန်လည်လည်ပတ်နိုင်ရေးကို အရေးတကြီးဆောင်ရွက်ရမှာဖြစ်တယ်လို ဒေါက်တာ ချာလီသန်းက ပြောပါတယ်။ မန္တလေးငလျင်ကြီး မလှုပ်ခတ်မီ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ပြည်တွင်းမှာရှိတဲ့ ဘိလပ်မြေစက်ရုံ ၉ ရုံကနေ ဘိလပ်မြေတန်ချိန် ၆၃ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့တယ်လို သိရပါတယ်။