နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မေ ၂၅ ရက်က တြိဂံဒေသတိုင်း စစ်ဌာနချုပ် ရွှေတြိဂံရိပ် သာမှာ တွေ့ဆုံခဲ့ပြီး ဦးစားပေးအနေနဲ့ အရေးကြီးတဲ့ ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ နိုင်ငံတော်အစိုးရရဲ့ မူ ဝါဒနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက အဆင့်မြင့်တပ်မတော် အရာရှိကြီးတွေ တက်ရောက်ပြီး NDAA (မိုင်းလား )ဘက်က ငြိမ်းချမ်းရေး နဲ့ စည်းလုံးရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ နဲ့အတူ တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။ဆွေးနွေးရာမှာ နိုင်ငံတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီရင်းအစ်ကို မောင်နှမတွေ အားလုံးအနေနဲ့ စည်း စည်းလုံးလုံးနဲ့ နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ပါတယ်။ဖွံ့ဖြိုးတိုးတက်ရေး နဲ့ တည်ငြိမ်အေးချမ်းရေးတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပြီး ဒေသတစ်ခု နိုင်ငံ တစ်ခု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ် လူသားအရင်းအမြစ်တွေ ပေါကြွယ်ဝရေးဟာ မဖြစ်မနေ လုပ် ဆောင်ရမယ့် အချက်တစ်ချက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် NDAA (မိုင်းလား)အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က မိမိတို့အနေနဲ့ ဒေသတွင်း နဲ့ နိုင်ငံတော် တည်ငြိမ် ရေး အေးချမ်းရေး လုပ်ငန်းရပ်တွေအတွက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒေသတွင်း ဘယ်လက်နက်ကိုင် အဖွဲ့ အစည်း နဲ့ ဘယ်နိုင်ငံရေးအဖွဲ့အစည်းကိုမျှ လက်ခံထားတာ မရှိဘူးလို့ ပြောပါတယ်။အဲဒီနောက်မှာတော့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေ နဲ့ ပတ်သက်ပြီး နှစ်ဖက်အမြင်တွေကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။