နိုင်ငံပိုင်သယံဇာတတွေကို မတော်လောဘနဲ့ ဥပဒေမဲ့ ခိုးထုတ်တာတွေကို တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ နိုင်ငံတော်ဟာ နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေ အောက်၊ ရေပေါ်ရေအောက်နဲ့ လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံးရဲ့ ပင်ရင်းပိုင်ရှင်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဋ္ဌာန်းထားပြီး သယံဇာတ ထုတ်ယူတဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ ဆောင်ရွက်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

အခုအခါ နိုင်ငံတော်အတွင်းရှိ ဒေသအချို့မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လက်နက်ကိုင်သောင်း ကျန်းမှုတွေကို အခွင့်ကောင်းယူပြီး မတော်လောဘ စီးပွားရေးသမားတွေက နိုင်ငံပိုင် သယံဇာတပစ္စည်းတွေကို ဥပဒေမဲ့ ခိုးထုတ်နေကြပြီး အကြမ်းဖက်အုပ်စုတွေကို ထောက်ပံ့တာ၊ လက်နက်ကိုင်သောင်းကျန်းသူတွေကို ထောက်ပံ့တာတွေ လုပ်ဆောင်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံပိုင် သယံဇာတပစ္စည်းတွေကို ခိုးထုတ်ကြရာမှာ ဥပဒေကို မသိနားမလည်တဲ့အပြင် ဆင်းရဲနွမ်းပါးတဲ့ ဒေသခံ ပြည်သူတွေကို ငွေကြေးနဲ့ ဆွဲဆောင်စည်းရုံးကာ အလုပ်လုပ်ကိုင်စေနေတာကို တွေ့ရတဲ့အတွက် အဲဒီလို လုပ်ကိုင် တာဟာ အကြမ်းဖက်မှုကို အားပေးမှု မြောက်ကြောင်း သတိပြုကြဖို့ လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါ တယ်။ ဒါ့ကြောင့် နိုင်ငံပိုင် သယံဇာတတွေကို ဥပဒေမဲ့ ခိုးထုတ်ပြီး အကြမ်းဖက်အုပ်စုတွေနဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေကို ထောက်ပံ့နေတာတွေကို နိုင်ငံတော်အနေနဲ့ စိစစ်ဖော်ထုတ်ပြီး လိုအပ်သလို တိုက်ဖျက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။