ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို နိုင်ငံတော်အဆင့်ခရီးစဉ်သွားရောက်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲဟာ မတ်လ၉ရက် ညနေပိုင်းက နေပြည်တော်တပ်မတော်လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲကို နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူးနဲ့ ကောင်စီအဖွဲဝင်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက အဆင့်မြင့်တပ်မတော်အရာရှိကြီးတွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက တာဝန်ရှိသူတွေ၊ ဘာသာပေါင်းစုံအသင်းအဖွဲတွေ၊ အနုပညာရှင်တွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံပြည်သူတွေက သောင်းသောင်းဖြဖြ လှိက်လှိက်လှဲလှဲ ကြိုဆိုကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ဟာ ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၊ ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာအလက်ဇန်းဒါးလူကာရှန်ကိုတိုနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးတာ၊ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးတာတွေ ဆောင်ရွက်ခဲ့ပြီး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်ဖို သဘောတူညီမှုတွေ ရရှိခဲ့သလို နှစ်နိုင်ငံအကြား သဘောတူစာချုပ်တွေ၊ နားလည်မှုစာချွန်လွှာတွေကိုလည်း အောင်မြင်စွာရေးထိုးနိုင်ခဲ့ပါတယ်။ရုရှားနဲ့ ဘီလာရုစ်နှစ်နိုင်ငံ ဝန်ကြီးချုပ်တွေအပါအဝင် အစိုးရအဖွဲတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ လွှတ်တော်တွေရဲ့ ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ ဒေသတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အဲ့ဒီအပြင် မြန်မာ-ရုရှား၊ မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်တွေကိုလည်း တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို အောင်မြင်စွာသဘောတူနိုင်ခဲ့ပါတယ်။အခုခရီးစဉ်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြိုနဲ့ နိုဗိုစီဘစ်ရ်စ်ခ်မြိုတွေမှာလည်း မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့သလို ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို သိရပါတယ်။