ရုရှားနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲဟာ မတ်လ၃ရက်၊ ဒေသစံတော်ချိန် ညနေပိုင်းက မော်စကိုမြိုရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာကို သွားရောက်ပါတယ်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်တဲ့ အဖွဲဟာ မြန်မာထေရဝါဒဗုဒ္ဓစင်တာ၊ သဒ္ဓမ္မဇောတိကာသိမ်တော်ကို ရောက်ရှိနေရာယူပြီးတဲ့နောက်မှာ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ကာ သံဃာတော် အရှင်သူမြတ်တွေထံကနေ ငါးပါးသီလ ခံယူဆောက်တည်ကြပါတယ်။ဆက်လက်ပြီး သံဃာတော် အရှင်သူမြတ်တွေထံကနေ တရားတော် နာယူကြည်ညိုကာ ဧည့်သည်တော်တွေက လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော် အရှင်သူမြတ်တွေက အနုမောဒနာတရား မိန့်ကြားကာရေစက်သွန်းချ အမျှပေးဝေပါတယ်။အဲဒီနောက်မှာတော့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲဟာ မော်စကိုမြိုရှိ တည်းခိုရာ ဟိုတယ်ကို ထွက်ခွာကြပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရုရှားနိုင်ငံကို နိုင်ငံတော်အဆင့် ခရီးစဉ် ရောက်ရှိနေတဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲမှာတော့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ဦးဆောင်ပြီး နစက တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစကအဖွဲဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်တဲ့ ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင် ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးကအဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စစ်ဘက် နယ်ဘက်က တာဝန်ရှိသူတွေ လိုက်ပါသွားကြတယ်လို သိရပါတယ်။

အခု၂၀၂၅ ခုနှစ်ကတော့ ရုရှား-မြန်မာ သံတမန် ဆက်ဆံရေးဟာ ၇၇ နှစ် ပြည့်မြောက်ပြီ ဖြစ်ပြီး နှစ်နိုင်ငံ ဆက်သွယ်ဆက်ဆံမှု၊ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေ အပြန်အလှန်လည်ပတ်မှု ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ တိုးတက်မှုတွေ ဖြစ်ပေါ်နေပြီး ဆက်လက်ပြီးလည်း ဆက်သွယ်ဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်တယ်လိုလည်း သိရပါတယ်။