အနာဂတ်ကာလတွေမှာ MSME လုပ်ငန်းတွေအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် သဘာဝဓာတ်ငွေ့ လိုအပ် ချက် မလွဲမသွေ မြင့်တက်လာမှာဖြစ်ပြီး တိုးမြင့်လာမယ့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ကြိုတင် မျှော်မှန်းကာ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေး နှစ်အလိုက်အကောင်အထည်ဖော်မယ့် အစီအမံတွေ ဆောင်ရွက်ကြဖို့ လို တယ်လို့ နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောပါတယ်။

မေလ(၄)ရက် မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ် ငွေ့မြေကို ရောက်ရှိစဉ် တာဝန်ရှိသူတွေရဲ့ရှင်းလင်းတင်ပြချက်အပေါ် အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းဟာ အရင်းအနှီးကြီးမားပြီး စွန့်စားရမှုကလည်း မြင့်မားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သက်တမ်းရင့်ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေတွေရှိ တွင်းဟောင်းတွေက ရေနံ နဲ့သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် တွင်းသစ်တွေ တူးဖော်တာ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ မြေအသစ်တွေရှာဖွေဖော်ထုတ်တာတွေကိုလည်း ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့တာဝန်ရှိသူတွေဟာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ရန်ကုန်တိုင်းဒေ သကြီး၊ တိုက်ကြီးမြို့နယ်ရှိ အဖျောက်သဘာဝဓာတ်ငွေ့မြေ၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မအူပင် (တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတွေကို သွားရောက်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ခဲ့မှု အခြေအနေတွေနဲ့ ကွမ်းခြံကုန်းမြို့နယ် စပါးကြီးစမ်း-နတ်စင်ကုန်းဒေသက ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေရေး အတွက် လိုင်းဆိုက်စမစ်တိုင်းတာတဲ့လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ တယ်လို့ သိရပါတယ်။