ဒီမိုကရေစီနိုင်ငံ ထူထောင်ရာမှာ နိုင်ငံသားအားလုံးအနေနဲ့ တရားဥပဒေကို လေးစားလိုက်နာတာအပြင် စည်းလုံး ညီညွတ်တာ၊ စည်းကမ်းရှိတာနဲ့ အသိဉာဏ်ပညာပြည့်ဝတာတွေဟာ မရှိမဖြစ်လိုအပ်မှာ ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၁၉ ရက်မှာ ကျရောက်တဲ့ ၅၁ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

အခုအချိန်အခါဟာ မိမိတို့နိုင်ငံမှာ ပြည်သူတွေရဲ့ လိုလားချက်နဲ့အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း တန်းတူ ညီမျှခြင်း ဆိုတဲ့ လောကပါလတရားတွေ ထွန်းကားရာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံအဖြစ်ကို စတင် လျှောက်လှမ်းနေချိန် ဖြစ်တယ်လို့ ဆိုပါတယ်။စည်းလုံးညီညွတ်ခြင်းဟာ နိုင်ငံ့အင်အားကို ခိုင်မာတောင့်တင်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံ့အကျိုးစီးပွားကို ဖြစ် ထွန်းစေသလို မျက်မှောက်ကာလ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေကို ကြည့်ရင် စည်းလုံးညီညွတ်မှု အင်အားနဲ့ အခိုင်အမာ တည်ဆောက်ထားကြတာကို တွေ့ရတယ်လို့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

မျက်မှောက်ကာလ မိမိတို့နိုင်ငံရဲ့ အခြေအနေမှာ တည်ဆောက်ရေးကို မလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ပြည့်အင်အားနဲ့ ကြိုးစားကာကွယ်နေရတဲ့အတွက် တည်ငြိမ်အေးချမ်းမှု အားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလှမ်း ဝေးနေဆဲ ဖြစ်နေတယ်လို့လည်း သဝဏ်လွှာထဲမှာ ပါရှိပါတယ်။ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လိုအပ်နေတဲ့ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် တိုင်း ရင်းသား ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာထဲမှာ တိုက်တွန်းမှာကြားထားပါတယ်။