နေရောင်ခြည် ကောင်းစွာရတဲ့ တိုင်းဒေသကြီးတွေမှာ ဆိုလာစီမံကိန်းတွေ ဆောင်ရွက်ဖို့ ဒုတိယဝန်ကြီးချုပ် နှင့် စီမံ ကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က ကျင်းပပြုလုပ်တဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီ ညှိနှိုင်းအစည်းအဝေး မှာ ပြောကြားခဲ့တာပါ။ကုန်ထုတ်လုပ်မှု ဗဟိုချက်ဖြစ်တဲ့ တိုင်းဒေသကြီးတွေမှာလည်း အသား၊ ဥ တွေ ထုတ်လုပ်သွားဖို့ကိုလည်း ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။ကုန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ဖို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေ ပံ့ပိုးကူညီသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ ဝန်ကြီးဌာနတွေ တိုင်း နဲ့ ပြည်နယ် အစိုးရအဖွဲ့ ၁၄ ခု နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ခြောက်ခုကို ချေးငွေ ထုတ်ချေးမှုတွေ ချေးငွေပြန်လည်ပေးဆပ်မှု ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မိုးစပါးစိုက်ဧကတွေ အမြန်ပြန်စိုက်ပျိုးနိုင်ရေး ချေးငွေထုတ်ချေးပေးမှု အခြေအနေတွေကို ကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ သုံးသပ်မှတ်တမ်းတင်ခဲ့ပါတယ်။