ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကပြောပါတယ်။
စက်တင်ဘာ ၃ ရက်ကကျင်းပတဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ပြည်သူ့စစ်မှုထမ်းတွေဆင့်ခေါ်ရာမှာ ဥပဒေနဲ့အညီဆောင်ရွက်ဖို့နဲ့ ဥပဒေအရသတ်မှတ်ထားတဲ့ အသက်မပြည့်သူတွေမပါရှိစေရေး အထူးအလေးထားကြပ်မတ်ဆောင်ရွက်ဖို့လိုတယ်လို့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကပြောပါတယ်။ ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းခွင့်တွေနဲ့ပတ်သက်ပြီး ဗဟိုအဖွဲ့ကိုအချိန်မီတင်ပြနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားဖို့လိုအပ်ပြီး အဲဒီလိုအချိန်မီတင်ပြမှသာ ဥပဒေအရ ခွင့်ပြုပေးနိုင်မယ့်သူတွေကို သင်တန်းမစမီ ခွင့်ပြုပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုအပ်တယ်လို့လည်းဗိုလ်ချုပ်ကြီးတင်အောင်စန်းကပြောပါတယ်။