အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက အဆောက်အအုံ ပြိုကျ မှုတွေအတွင်း ရှာဖွေတွေ့ရှိတဲ့ ငွေသား၊ လက်ဝတ်ရတနာနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပိုင်ရှင်တွေဆီ လွှဲ ပြောင်း ပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဧပြီ ၂၉ ရက်က မန္တလေးမြို့ Sky Villa အဆောက်အဦ (C)အဆောင်နဲ့ (D)အဆောင်တွေကို မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က ဖယ်ရှားရှင်းလင်းတာနဲ့ ရုပ်အလောင်းထုတ်ယူရေး လုပ်ငန်းတွေကို ယန္တရားတွေနဲ့ ဆောင်ရွက်ခဲ့ရာ (C) အဆောင်ကနေ တွေ့ရှိတဲ့ ကျောက်စိမ်းလက်ကောက် (၁၀)ကွင်း၊ ကျောက်အရိုင်းတုံးနဲ့ ဖြတ်စတွေကို ပစ္စည်း လက်ခံလွှဲပြောင်းရေးအဖွဲ့ကို လွှဲပြောင်ပေးအပ်ခဲ့ပြီး ပိုင်ရှင်ဆီ ပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။အလားတူ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၆၀၄)၊ အဆောက်အအုံ ပြိုကျတဲ့ နေရာတွေကို ဧပြီ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီးက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေး လုပ် ငန်းတွေ ဆောင်ရွက်ခဲ့ရာ အခန်းအမှတ်(၂/၄/၅/၂၄) တို့က ရှာဖွေတွေ့ရှိတဲ့ ငွေသားတွေ၊ လက်ဝတ်ရတနာပစ္စည်း တွေ၊ အသုံးအဆောင်ပစ္စည်းအနည်းငယ်နဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ပိုင်ရှင်ဆီ လွှဲပြောင်းပေးအပ်ခဲ့တယ် လို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် (၂၃၃၃/၂၃၄၃) ၊ အဆောက်အအုံ ပြိုကျတဲ့ နေရာတွေကို ဧပြီ ၂၉ ရက်က ရှင်းလင်းရေး လုပ်ဆောင်နေစဉ် အခန်းအမှတ်(၂/၃၆)တို့ကနေ တွေ့ရှိတဲ့ အသုံးအဆောင်ပစ္စည်းအနည်းငယ်နဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ပိုင်ရှင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့တယ် လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။