ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လက်ရှိအချိန်ထိ ငွေကျပ် ၂၆၄ဒသမ၆၆ဘီလီယံ သုံးစွဲထားပြီးဖြစ်တယ်လို နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
ဇွန်လ၆ရက်ကပြုလုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အခုလို ပြောကြားလိုက်တာပါ။

အဲဒီလိုသုံးစွဲရာမှာ ဝန်ကြီးဌာနနဲ့ အဖွဲအစည်း၄၅ခုက ဝန်ထမ်းနဲ့မှီခိုသူ ၁၃၀၀၀၀ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ငါးပိ ၃လစာထောက်ပံ့တာ၊ ပျက်စီးခဲ့တဲ့ အခြေခံပညာကျောင်းတွေ၊ အဆင်မြင့်ကျောင်းတွေမှာ ယာယီကျောင်းဆောင်တွေဆောက်လုပ်ဖို ကြိုတင်ငွေတွေပေးအပ်တာ၊ ဝန်ထမ်းအိမ်ရာတွေ၊ ရုံးအဆောက်အအုံတွေနဲ့ အထူးအဆောက်အအုံတွေ ပြင်ဆင်နိုင်ဖို ပေးအပ်တာတွေရှိတယ်လို ဆိုပါတယ်။ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစာရွက်တွေမီးလောင်လို ပြန်လည်ဖြေဆိုရမဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ သင်ကြားပေးတဲ့ဆရာ၊ ဆရာမတွေအတွက်ကိုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ကျပ်ဘီလီယံ၂၀ကို အခုလအတွင်း ထောက်ပံ့ပေးထားပြီးဖြစ်တယ်လို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

ငလျင်ဘေးငယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေရရှိမှုအနေနဲ့ ပြည်တွင်းကအလှူရှင်တွေရဲ့ လှူဒါန်းငွေ ကျပ်၁၄၄ဘီလီယံကျော်၊နိုင်ငံတကာအစိုးရအဖွဲတွေနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅သန်းကျော်၊ ကိုရီးယားဝမ် ၅သန်း၊ အိန္ဒိယရူပီး ၁၆သန်း၊ ထိုင်းဘတ် ၂သန်း၊ စင်ကာပူဒေါ်လာ ၃၁၅၀၊ တရုတ်ယွမ် ၇၀၀၊ သီရိလင်္ကာရူပီး ၂သိန်းခွဲ၊ နီပေါရူပီး ၃၇၀၀၀၊ ဘင်္ဂလားဒေ့ရှ်တာကာ ၃၁၆၀၊ ဗီယက်နမ်ဒေါင် ၉၇၉၀၀၀၊ အင်ဒိုနီးရှားရူပီး ၂၀၀၀၀၊ ကမ္ဘောဒီးယားရီရယ် ၇၁၆၅၀၀၊ လာအိုကစ် ဒသမ၇သန်းကျော်နဲ့ ရုရှားရူဘယ် ၂၆၃၀၀၀ကျော် ရရှိခဲ့ပြီး နိုင်ငံတော်အနေနဲ့လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ရန်ပုံငွေ ထပ်မံထည့်ဝင်ပေးထားတယ်လို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ပါတယ်။