လက်ရှိအချိန်မှာ ကုန်ဈေးနှုန်းတွေဟာ ထိုက်သင့်တဲ့ဈေးနှုန်းထက်များပြားနေတာကိုတွေ့ရတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
စက်တင်ဘာ ၁ ရက်က မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံရာမှာ အခုလိုပြောကြားလိုက်တာပါ။
မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့အတွက် စားရေးနဲ့ပတ်သက်ပြီး အခက်အခဲမရှိဘူးလို့လည်းဆိုပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအားလုံးမှာ ဒေသဝမ်းစာဆန်ဖူလုံမှုရှိအောင် ဆောင်ရွက်ရမှာဖြစ်ပြီး စားရေရိက္ခာဖူလုံမှုရှိအောင်ဆောင်ရွက်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသွားပါတယ်။