တရားမဝင် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး ပူးပေါင်း တိုက်ဖျက်သွားကြဖို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။အွန်လိုင်းလိမ်လည်မှုတွေ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ဆောင်နေသူတွေအနေနဲ့ကလည်း မြန်မာနိုင်ငံက မဟုတ်ဘဲ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ ပြည်ပနိုင်ငံသားတွေ ဖြစ်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အတူတကွ ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်သွားဖို့ လိုအပ် တယ်လို့ ဆိုပါတယ်။

အွန်လိုင်းလိမ်လည်မှုတွေ၊ လောင်းကစားမှုတွေ ပြုလုပ်နိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အား ရရှိဖို့၊ အင်တာနက်ဆက် သွယ်မှုရရှိဖို့ နဲ့ တရားမဝင် လုပ်ငန်းအတွက် လက်နက်ခဲယမ်းနဲ့ အဆောက်အအုံတွေ ရှိဖို့ အခြေခံလိုအပ်မှာ ဖြစ် ပြီး လုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့ အဲဒီအခြေခံတွေအတွက် တစ်ဖက်နိုင်ငံကို အခြေခံကာ ရယူသုံးစွဲနေတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ဖော်ထုတ်ပြီး သက်ဆိုင် ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးပို့ခဲ့သလို စိစစ်ဖော်ထုတ်မှုတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အွန်လိုင်းလိမ်လည်မှုတွေ၊ လောင်းကစားမှုတွေ ကျူးလွန်နေသူတွေဟာ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ အုပ်ချုပ် ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ အပြည့်အဝ စိုးမိုးအုပ်ချုပ်ဖို့ အခက်အခဲနဲ့ ကန့်သတ်ချက်တွေရှိတဲ့ ဒေသတွေကို ပစ်မှတ်ထားပြီး NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချို့ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေ ဆက်စပ်နေရာတွေမှာ ကိုယ်ကျိုးစီးပွားရှာသူတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေကြ တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒါကြောင့် နိုင်ငံတော်အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းကာ စုံစမ်းဖော်ထုတ်အရေးယူမှုတွေကို ပြတ်ပြတ်သားသား ဆောင်ရွက်နေပြီး ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံသူ၊နိုင်ငံသားတွေအနေနဲ့လည်း အွန်လိုင်း လိမ်လည်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်တွေ ရရှိရင် သက်ဆိုင်ရာကို သတင်းပေးပို့ကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။