အာဆီယံကပေးပို့မယ့် လူသားချင်းစာနာမှုအကူအညီတချို့ ရောက်ရှိတော့မှာဖြစ်တယ်လို့ နစကဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်က ပြုလုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားခဲ့တာပါ။

နိုင်ငံတကာအကူအညီအနေနဲ့ မြန်မာနိုင်ငံအပေါ် နှောင်ကြိုးမဲ့ဆောင်ရွက်ကူညီခဲ့မှုတွေရှိပြီး အခုလည်းအာဆီယံကပေးပို့မယ့်လူသားချင်းစာနာမှုအကူအညီတချို့ ရောက်ရှိတော့မှာဖြစ်တယ်လို့ဆိုပါတယ်။
အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန AHA Center မှ နိုင်ငံတွင်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကလည်း မြန်မာနိုင်ငံကိုလာရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်ထုတ်ပြန်ရေးနဲ့ နိုင်ငံတကာအကူအညီတွေ တိုးတက်ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောပါတယ်။