အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့တဲ့ အသက်မပြည့်စစ်သည် တစ်ထောင်ကျော်ကို တပ်မတော်ကနေ နုတ်ထွက်ခွင့်ပြုပြီး မိဘအုပ်ထိန်းသူတွေထံ ပြန်လည်လွှပြောင်း ပေးခဲ့တယ်လို နစကအဖွဲဝင် ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က ကျင်းပပြုလုပ်တဲ့ အရွက်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာ ကွယ် တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။၂၀၁၂ ခုနှစ်ကနေ ဒီနေ့အထိ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေကို စစ်မှုထမ်းခြင်းကနေ ကာကွယ် တားဆီး ထိန်းသိမ်းရေးကော်မတီနဲ့ CTFMR တို ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့တဲ့ အသက်မပြည့်စစ်သည် ၁၀၅၇ ယောက်ကို တပ်မတော်ကနေ နုတ်ထွက်ခွင့်ပြုပြီး မိဘအုပ်ထိန်းသူတွေထံ ပြန်လည်လွှပြောင်း ပေးခဲ့တာလို ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းတွေ ဆင့်ခေါ်ရာမှာလည်း အသက် ၁၈ နှစ် မပြည့်သူတွေ မပါရှိစေရေးအတွက် ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲအသီးသီးက စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေတယ်လို ဆိုပါတယ်။ ဒါ့အပြင် အခုလအတွင်း CTFMR နဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ပြီး အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိရင် မိဘ/ အုပ်ထိန်းသူတွေထံ ထပ်မံ လွှပြောင်းပေးသွားမှာ ဖြစ်တယ်လိုလည်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ပါတယ်။