အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတော်အစိုးရနဲ့အတူ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့မိတ်ဖက်အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီလ(၂၆)ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမမှာ ကျင်းပ တဲ့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်(၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။အမျိုးသမီးတွေရဲ့ဘဝဖွံ့ဖြိုးတိုးတက်စေဖို့ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းသင်တန်းတွေ ပို့ချပေးနေရာမှာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလကနေဇန်နဝါရီလအထိ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းသင်တန်း (၁၇၆) ကြိမ်ကို သင်တန်းသား(၄၂၂၂)ယောက်နဲ့ ဖွင့်လှစ်သင်ကြားခဲ့ပြီး ၅၉၄ ယောက်ကို အလုပ်အကိုင်တွေ ချိတ်ဆက် ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီး မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှတက်ရောက်ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် ချီးမြှင့်တဲ့စွမ်းဆောင်မှုနဲ့ လွှမ်းခြုံမှုအကောင်းဆုံးဆုတွေကို ပေးအပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။အမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်ပတ်လည်အခမ်းအနားကို ဖေဖော်ဝါရီ(၂၆)ရက်ကနေ (၂၇)ရက်အထိ နေပြည် တော်မှာ နှစ်ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။