အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ မစ္စမာဂျင်နာစပေါ့ဂျာရစ်အဂ္ဂါ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေလက်ဝယ်ကို လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေ အမှန်တကယ်ရောက်ရှိစေရေး ဆွေးနွေးခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံရာမှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအနေနဲ့ မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေ ဆောင်ရွက်နေတဲ့အခြေအနေတွေ၊ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေလက်ဝယ်ကို လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေ အမှန်တကယ်ရောက်ရှိစေရေးနဲ့ မသက်ဆိုင်တဲ့အဖွဲ့အစည်းတွေဆီ မရောက်ရှိစေရေးသက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တဲ့ အခြေအနေတွေကိုဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ပြီး တပ်မတော်အနေနဲ့ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။