မြန်မာနိုင်ငံရဲမှုထမ်းဟောင်များအဖွဲ့အနေနဲ့ မှုခင်းကျဆင်းရေဆောင်ရွက်တဲ့အပိုင်းမှာ ပါဝင်ကူညီပေးကြဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တိုက်တွန်းပြောကြား ခဲ့ပါတယ်။

ဖေဖော်ဝါရီ(၂၆)ရက်က နေပြည်တော်ရှိ ဇမ္မူသီရိမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ခန်းမမှာ ပြုလုပ် တဲ့ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ (၃)နှစ်မြောက်အခမ်းနား အဖွင့်အမှာစကားပြောကြားရာမှာအခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးတွေ ဆောင်ရွက်တဲ့ အပိုင်းမှာ တတ်စွမ်းနိုင်သမျှ မိမိတို့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပါဝင် ကူညီပေးတောနဲ့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သွားကြဖို့အတွက် တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီအခမ်းနားမှာ တက်ရောက်လာကြတဲ့ ရဲမှုထမ်းဟောင်းကိုယ်စားလှယ်တွေက မိတ်ဆက်တာတွေ၊ (၃)နှစ် တာကလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ အခြေနေတွေနဲ့ ရှေ့လုပ်ငန်းစဉ်ချမှတ်ထားရှိတာတွေကို ရှင်းလင်း တင်ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို (၂၀၂၁)ခုနှစ် ဒီဇင်ဘာ(၂၂)ရက်နေ့မှာ စတင်ဖွဲ့စည်း ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။