ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နဲ့ KK Park နယ်မြေတွေမှာ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား ၈၀၀ နီးပါးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ၆၁ ယောက်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ နစက သတင်းထုတ် ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၁၅ ရက်ထိ မြဝတီ-ရွှေကုက္ကိုလ် နဲ့ KK Park နယ်မြေအတွင်း တရား မဝင် အွန်လိုင်းလောင်းကစားမှုတွေ အွန်လိုင်းလိမ်လည်မှုတွေ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြသူတွေကို စစ်ဆေးဖော် ထုတ်ခဲ့ရာ ပြည်ပနိုင်ငံသား ၇၉၉ ယောက်ကို ထိန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ထိန်းသိမ်းခဲ့တဲ့ ပြည်ပနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းကို နယ်စပ်လမ်းကြောင်းတွေက တစ်ဆင့် တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ထိန်းသိမ်းထားတဲ့ ပြည်ပနိုင်ငံသားတွေအနက် ၆၁ ယောက်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ ထိုင်းနိုင်ငံကို ဥပ ဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကိ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြည်ပနိုင်ငံသား ၆၉ ယောက်၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြည်ပနိုင်ငံသား အယောက် ၂၀၀ နဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြည်ပနိုင်ငံသား ၄၆၉ ယောက် စုစုပေါင်း ၇၃၈ ယောက်ကို ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လို အပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ နဲ့ မှတ်တမ်းတွေကို စာရင်းကောက်ယူပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား ၇၉၉ ယောက်ကတော့ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဗီယက်နမ်၊ ယူဂန်ဒါ၊ ထိုင်းနိုင်ငံ နဲ့ တရုတ်(တိုင်ပေ) တွေက နိုင်ငံသား တွေ ဖြစ်ကြတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။နိုင်ငံတော်အနေနဲ့လည်း မြဝတီ-ရွှေကုက္ကိုလ် နဲ့ KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုတွေ အွန်လိုင်းလောင်းကစားမှုတွေ နဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသားတွေကို အမြန်ဆုံး စစ်ဆေးဖော် ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးအပ်နိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။