အိုင်အယ်လ်အို (ILO) က ချမှတ်တဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွင်း မှီတင်းလုပ်ကိုင်နေတဲ့ အလုပ်ရှင်၊ အလုပ် သမား၊ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှု မရှိနိုင်တဲ့အတွက် စိုးရိမ်မှု မရှိဘဲ လုပ်ငန်းခွင်တွေမှာ အေး ချမ်းစွာ ဆက်လက်လုပ်ကိုင်နိုင်တယ်လို အလုပ်သမားဝန်ကြီးဌာနက ဇွန် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ (ILO) ရဲ့ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာ ညီလာခံကျင်းပနေစဉ် ကာလအတွင်း ဇွန် ၅ ရက်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ် ခဲ့တယ်လို ဆိုပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို လေ့လာခဲ့ရာ ILO ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှုတွေအပေါ် အခြေခံပြီး ဆုံး ဖြတ်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအပေါ် ILO မျက်နှာစာကတစ်ဆင့် ဖိအားပေးနိုင်ဖို ရည်ရွယ်ချက်နဲ့ တစ်ဖက် သတ် တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း တွေ့ရတယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အဲဒီအပြင် ILO က ချမှတ်တဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးကို ဖိအားပေးလိုတဲ့အတွက် ဆုံးဖြတ်ထားတဲ့ အချက် အလက်ဖြစ်တယ်လိုလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံဖွံဖြိုးရေးအတွက် အရေးကြီးတဲ့ အလုပ်သမားထုရဲ့ အခွင့်အရေးတွေ ဥပဒေနဲ့အညီ တိုးတက်မှု ရရှိရေး၊ လူမှုဘဝတွေ ဖွံဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရေးအတွက် ILO အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း နဲ့ ဆက်လက်ထိတွေ့ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ နဲ့ လွတ်လပ်မှုကို မထိပါးစေတဲ့ ပူးပေါင်းမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို(ILO) ဆုံးဖြတ်ချက်ကတော့ ILO ရဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲစည်းခွင့် နဲ့ စုရုံးခွင့် ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇) နဲ့ အဓမ္မအလုပ်ခိုင်း စေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၂၉) တိုကို ကျူးလွန်ချိုးဖောက်ဖျက်တယ်ဆိုပြီး ILO Constitution Article 33 အရ အရေးယူဖို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လိုလည်း သိရပါတယ်။