တရုတ်နိုင်ငံမှ အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့ အပါအဝင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို ဖမ်းမိခဲ့ပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်ထားပါတယ်။
ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ တရုတ်နိုင်ငံမှ အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့ ဦးဆောင်တဲ့ ဒုစရိုက်သမားတွေ ရောင်ရှိနေပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်နေကြောင်း သတင်းအရ အခုနှစ် ဇူလိုင်လအတွင်းက ဝင် ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ချန်တာဝေ့ နဲ့ ရန်လျန့် အပါအဝင် တရုတ်နိုင်ငံသား အယောက် ၂၀ ကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ချန်တာဝေ့ အပါအဝင် တရုတ်နိုင်ငံသား အယောက် ၂၀ ကို တရုတ်နိုင်ငံမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်အရေးယူနိုင်ရေးအတွက် လုံလောက်တဲ့ အစောင့်အရှောက်တွေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာ လုပ် ထုံးလုပ်နည်းနဲ့အညီ တရုတ်နိုင်ငံကို ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ တားဆီး ကာကွယ်တိုက်ဖျက်နိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေက တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြည်တွင်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ် တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။