ကရင်ပြည်နယ်၊ မြဝတီမြို-ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ တရားမဝင် အွန်လိုင်းလောင်းကစားမှုတွေနဲ့ ဒုစရိုက်လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၁၁ယောက်နဲ့ ထိုင်းနိုင်ငံသား ၁ယောက်တိုကို ဖေဖော်ဝါရီ၂၂ရက်က ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို သတင်းထုတ်ပြန်ပါတယ်။အဲဒီလိုလွှဲပြောင်းရာမှာ မြန်မာနိုင်ငံကတာဝန်ရှိသူတွေက သက်ဆိုင်ရာနိုင်ငံတွေက တာဝန်ရှိသူတွေဆီကို ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းတွေကို လွှပြောင်းပေးအပ်ခဲ့တယ်လို ဆိုပါတယ်။

အခုလွှဲပြောင်းပေးအပ်ခံရသူတွေရဲ့ ဖွင့်ဟဝန်ခံချက်တွေအရ အများစုဟာ အိမ်နီးချင်းနိုင်ငံတချိုကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသတွေကနေတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာခဲ့တာဖြစ်သလို မြဝတီ-KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင်လုပ်ဆောင်ဖို စေခိုင်းခံရတာဖြစ်တယ်လို သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ၂၂ရက်မှာ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မြဝတီမြို-ရွှေကုက္ကိုလ်နဲ့ KK Parkနယ်မြေတွေမှာ တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ၊ အွန်လိုင်းလောင်းကစားမှုတွေ၊ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ ပြည်ပနိုင်ငံသား ၁၂၆ယောက်ကို ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့တယ်လို ဆိုပါတယ်။၂၀၂၅ခုနှစ်၊ ဇန်နဝါရီ၃၀ရက်ကနေ ဖေဖော်ဝါရီ၂၂ရက်အထိ မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသားဦးရေ ၂၁၁၁ယောက်ကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး အဲဒီထဲက ၆၇၃ယောက်ကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည် လွှဲပြောင်းပေးအပ်ပြီးဖြစ်တယ်လိုသိရပါတယ်။