ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက် ညပိုင်းက ရန်ကုန်မြို့ Lotte Hotel မှာကျင်းပပါတယ်၊၊အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနဲ့ဇနီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နဲ့ဇနီး၊ အဆင်မြင့်တပ်မတော် အရာရှိကြီးတွေ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးတွေက သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေ၊ စစ်သံမှူးတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ကြတယ်လို့ သိရပါတယ်၊၊

အခမ်းအနားမှာ မြန်မာနိုင်ငံတော်သီချင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်သီချင်းတို့နဲ့ အခမ်းအနားကို စတင် ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E မစ္စတာ အစ်စကန်ဒါ အာဇီဇော့က နှုတ်ခွန်းဆက်စကား ပြောကြားပါတယ်၊၊ဆက်လက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ သိပ္ပံပညာဆိုင်ရာအောင်မြင်မှုတွေ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့နိုင်ငံတကာရေးရာဆိုင်ရာအခန်းတွေကို ဗီဒီယိုနဲ့ပြသပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ ယဉ်ကျေးမှု အကအဖွဲ့တွေက ရိုးရာယဉ်ကျေးမှု အကတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်၊၊အဲဒီနောက်မှာတော့ ဧည့်ခံပွဲကိုတက်ရောက်လာသူတွေကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို့ သိရပါတယ်။