ရုရှားနိုင်ငံ၊ မော်စကိုမြို့ ရင်ပြင်နီမှာ လာမဲ့မေလ ၉ ရက်မှာကျင်းပမဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့ ပါဝင်ချီတက် မှာ ဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့ဟာ ဧပြီ ၂၃ ရက် နေ့လယ် ပိုင်းက မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရုရှားနိုင်ငံကို လေကြောင်းခရီးနဲ့ ထွက်ခွာသွားတယ် လို့ ဆိုပါတယ်။ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နဲ့ တာဝန်ရှိသူတွေက တံတာဦးလေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။