ထိုင်း-မြန်မာ နယ်စပ် မြဝတီ-ရွှေကုက္ကိုလ် နဲ့ KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု နဲ့ အွန်လိုင်း လောင်းကစားလုပ် ငန်းတွေမှာ အဓမ္မလူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား ၃၉ ယောက်အပါအဝင် နိုင်ငံခြားသား ၆၁ ယောက်ကို စစ်ဆေးဖော်ထုတ်ပြီး ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို နစက သတင်းထုတ်ပြန်ရေး အဖွဲက ထုတ်ပြန်ပါတယ်။
လွှဲပြောင်းပေးအပ်မှုကိုတော့ ဖေဖော်ဝါရီ ၆ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်က မြဝတီမြို၊ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားနေရာမှာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှပြောင်းပေးအပ်ခဲ့တာပါ။လွှဲပြောင်းပေးရာမှာ တရုတ်နိုင်ငံသား ၃၉ ယောက်၊ ကာဇက်စတန်နိုင်ငံသား တစ်ယောက်၊ အင်ဒိုနီးရှားနိုင်ငံ သား ငါးယောက်၊ အီသီယိုးပီးယားနိုင်ငံသား တစ်ယောက်၊ ပါကစ္စတန်နိုင်ငံသား တစ်ယောက်၊ မလေးရှားနိုင်ငံသား တစ်ယောက်၊ အိန္ဒိယနိုင်ငံသား ၁၃ ယောက် စုစုပေါင်း ၆၁ ယောက်တို ဖြစ်တယ်လို ထုတ်ပြန်ချက်အရ သိရပါတယ်။လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးမေးမြန်းချက်တွေအရ သူတိုတွေဟာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဘာသာပြန်လုပ်ငန်းတွေကို လစာငွေအများအပြားနဲ့ လုပ်ကိုင်ရမယ်လို အွန်လိုင်းကတစ်ဆင့် သွေး ဆောင် စည်းရုံးခံရပြီး မက်လုံးပေး လိမ်လည်ခံရတာ ဖြစ်ကြောင်း ပေါ်ပေါက်ပါတယ်။

အဲဒီနောက် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုကို လည်းကောင်း၊ အဲဒီကတစ်ဆင့် မြန်မာ- ထိုင်း နယ်စပ်မြို ဖြစ်တဲ့ မဲဆောက်မြိုကို လည်းကောင်း၊ မဲဆောက်မြိုကတစ်ဆင့် တရားမဝင်ကျားဖြန့်လုပ်ငန်း တွေက ကိုယ်စားလှယ်တွေက ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကျော်ခေါ်ဆောင်ကာ မြဝတီ- ရွှေကုက္ကိုလ် နဲ့ KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုတွေ အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင် လုပ်ဆောင်ဖို အတင်းအဓမ္မ ခိုင်းခြင်း ခံခဲ့ရတာ ဖြစ်တယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေ အွန်လိုင်းလောင်းကစားမှုတွေ လုပ်ဆောင်နေသူတွေ နဲ့ ပါဝင်ပတ် သက်နေသူတွေကို အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအဖွဲအစည်းတွေ နဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ် အရေးယူမှုတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်နေပြီး လိုအပ်တဲ့ ကူညီဆောင်ရွက်ပေးခြင်းတိုကို ပြုလုပ်ပေး နေတယ်လိုလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ဒါ့ကြောင့် ဒေသဆိုင်ရာအဖွဲအစည်းတွေ အိမ်နီးချင်းနိုင်ငံအစိုးရတွေ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့လည်း ကျားဖြန့် လုပ်ငန်းကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရင် သက်ဆိုင်ရာကို အမြန်ဆုံးဆက်သွယ် သတင်းပေးပိုဖိုကိုလည်း ထုတ်ပြန်ထားပါတယ်။