မြန်မာနိုင်ငံမှာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော်ကို သာသနာရေးလုပ်ငန်းတွေ စတင် ဆောင်ရွက်ခွင့်ပြု လိုက်ပြီ ဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကနေ သိရပါတယ်။

သာသနာရေးဦးစီးဌာနနဲ့ အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အသင်းတော်တို့အကြား သာသနာရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူစာချုပ် (LOA) လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက်က နေပြည်တော်ရှိ M Gallery Hotel မှာ ကျင်းပ ပါတယ်။

အဲဒီအခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အရှေ့တောင် အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော်နဲ့ စင်ကာပူ အော်သိုဒေါ့ ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော် ကြီးတို့ တက်ရောက်ကြပြီး အခမ်းအနားမှာ သာသနာရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူ စာချုပ် (LOA)ကို နှစ်ဖက်တာဝန်ရှိကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။