မန္တလေး နှင့် နိုဗိုစီဗစ်မြို့အကြား ညီအစ်မမြို့အဖြစ် ထူထောင်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ တယ်လို့ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ ထရာ့ဗနီကော့ဗ် အန်ဒရေ အလက်ဇန်ဒရိုဘစ်ချ်က ပြောပါတယ်။မတ်လ ၉ ရက် မနက်ပိုင်းက နိုဗိုစီဗစ်မြို့က မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်တဲ့ အခမ်းအနား မှာ ပြောကြားခဲ့တာပါ။

အခမ်းအနားမှာတော့ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့် အမှာစကား ပြောကြားရာမှာ မြန်မာ-ရုရှား နှစ်နိုင်ငံဟာ သံတမန် ဆက်ဆံရေး ၇၇ နှစ်ကြာ ရှိခဲ့ပြီ ဖြစ်ပြီး အခုလို နိုဗိုစီဗစ်မြို့မှာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့တာဟာ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ သမိုင်းမှတ်တိုင် တစ် ခု ဖြစ်တယ်လို့ ပြောပါတယ်။နိုဗိုစီဗစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို နိုဗိုစီဗစ်ဒေသမှာ နေထိုင်ကြတဲ့ ရုရှားနိုင်ငံသားတွေအတွက် မြန်မာနိုင်ငံ နှင့် ချိတ်ဆက်ပေါင်းကူးဖို့ နှစ်နိုင်ငံအကြား နားလည်မှု မြှင့်တင်ဖို့ နိုဗိုစီဗစ်ဒေသဝန်းကျင်ရှိ မြန်မာအသိုင်းအဝိုင်းကို ကူညီစောင့်ရှောက်ပြီး ကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ ဖွင့်လှစ်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး က နှုတ်ခွန်းဆက် စကားပြောကြားရာမှာ မိမိ တို့ အနေနဲ့ မြန်မာနိုင်ငံ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမှာ ဖြစ်ပြီး မိမိတို့ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာမှုတွေ ရရှိစေဖို့ ဆုမွန်ကောင်း တောင်းတယ်လို့လည်း ပြောကြားခဲ့ပါတယ်။အဲဒီနောက် နိုဗိုစီဗစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကိုတော့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နဲ့ နိုဗိုစီဗစ် ဒေသ အုပ်ချူပ်ရေးမှူုး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။