ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ၇ရက် ဒေသစံတော်ချိန် မနက်၁၁နာရီက မင့်စ်မြို့ရှိ သမ္မတနန်းတော်မှာ ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာအလက်ဇန်းဒါး လူကာရှန်းကော့နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးပြီး ဘီလာရုစ်သမ္မတကို အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းပါတယ်။

သီးသန့်တွေ့ဆုံဆွေးနွေးမှုပြီးတဲ့နောက်မှာ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးတာ၊ အပြန်အလှန်လဲလှယ်တာတွေ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးက သတင်းထုတ်ပြန်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။