ဘင်္ဂလားဒေ့ရှ်ပါတီဖြစ်တဲ့ Jamaat–e-Islami ပါတီရဲ့ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲနဲ့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ပြောကြားမှုအပေါ် မြန်မာနိုင်ငံအနေနဲ့ လက်မခံဘဲ ရှုံ့ချကန့်ကွက်ပါကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲက ပြောကြားထားပါတယ်။
Jamaat–e-Islami ပါတီနဲ့ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲတိုဟာ ဧပြီ၂၇ရက်က ဒါကာမြိုမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီလိုတွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ်ကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုပေးဖို၊ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင်ကို သီးခြားပြည်နယ်တစ်ခုသတ်မှတ်ပေးဖိုအတွက် တရုတ်က မြန်မာကို တိုက်တွန်းပေးဖို တောင်းဆိုခဲ့တယ်လို သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂါလီဒုက္ခသည် ပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သက်တဲ့ သဘောထားရပ်တည်ချက်တွေကို အစဉ်သဖြင့် ပြောကြားထားပြီးဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတိုဟာ လက်ခံရေးကိစ္စတွေ၊ ပြန်လည်ထောက်ပံ့ရေးကိစ္စတွေကို တရုတ်နိုင်ငံ ကူမင်းမြိုမှာ ပုံမှန်တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဋိပက္ခတွေ ဖြစ်ပွားချိန်မှသာ ရပ်တန့်သွားတာဖြစ်တယ်လို ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို စာရင်းတိုက်ဆိုင်စိစစ်ပြီး ပြန်လည်လက်ခံမယ်ဆိုတဲ့ အခြေခံမူဝါဒရှိပြီးဖြစ်သလို ဒုက္ခသည်တွေ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖိုအတွက် လုံလောက်တဲ့အဆောက်အအုံတွေကိုလည်း တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်ပြီးတာကို နိုင်ငံတကာသံတမန်တွေကိုလည်း ရှင်းလင်းပြသပြီးဖြစ်တယ်လို သိရပါတယ်။Jamaat–e-Islami ပါတီအနေနဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ တွေ့ဆုံစဉ် နိုင်ငံရေးအမြတ်ထုတ်လိုမှုအတွက် ပြောကြားချက်တွေဟာ မြန်မာနိုင်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ ပြောဆိုချက်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လက်မခံကြောင်းနဲ့ ကန့်ကွက်ရှုတ်ချပါကြောင်း ပြောကြားထားပါတယ်။