ရုရှားဖက်ဒရေးရှင်းနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒေသစံတော်ချိန်ညနေ၄နာရီက အထူးလေယာဉ်နဲ့ စိန့်ပီတာစဘတ်မြို့၊ Pulkovoလေဆိပ်ကို ရောက်ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို စိန့်ပီတာစဘတ်အစိုးရအဖွဲ့ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်နဲ့ တာဝန်ရှိသူတွေက ကြိုဆိုကြပါတယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စိန့်ပီတာစဘတ်အစိုးရအဖွဲ့အကြီးအကဲနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို စိန့်ပီတာစဘတ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲကိုလည်း တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။