ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ဖို့အတွက် မော်စကိုမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မေလ ၈ ရက်၊ ဒေသစံတော်ချိန် ညပိုင်းက ကရင် မလင် နန်းတော်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကို အခြားနိုင်ငံ့အကြီးအကဲ တွေနဲ့အတူ တက်ရောက်ပါတယ်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ အခြားနိုင်ငံ့အကြီးအကဲတွေကို ကရင်မလင်နန်းတော်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြိုဆိုနှုတ်ဆက်ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အခြားနိုင်ငံ့ အကြီးအကဲတွေဟာ ရုရှားသမ္မတနဲ့အတူ Andereevsky ခန်းမမှာ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုကပွဲကို အတူတကွ ကြည့်ရှုပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အခြားနိုင်ငံ့အကြီးအကဲ တွေဟာ ရုရှားသမ္မတနဲ့အတူ Aldxandrovsky ခန်းမမှာ ညစာအတူတကွ သုံးဆောင်ကြပါတယ်။ညစာသုံးဆောင်အပြီးမှာ ရုရှားသမ္မတဗလာဒီမာပူတင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နဲ့ ညစာစားပွဲကို တက်ရောက်လာကြတဲ့ နိုင်ငံ့အကြီးအကဲတွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။