နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ၈ရက် ဒေသစံတော်ချိန် မနက်၁၁နာရီခွဲမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆာမာရာမြို့ကို ရောက်ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဆာမာရာဒေသအစိုးရအဖွဲ့အကြီးအကဲ မစ္စတာ Vyaheslav Fedorishchevနဲ့ တာဝန်ရှိသူတွေက ကြိုဆိုကြပါတယ်။မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဆာမာရာမြို့မှာ လေ့လာမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။