ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ၈ရက် ဒေသစံတော်ချိန် မနက်၈နာရီမှာ မင့်စ်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရုရှားနိုင်ငံ၊ ဆာမာရာမြို့ကို ဆက်လက်ထွက်ခွာသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမက်ဆင်ရိုင်ဇန်ကော့ဗ်၊ မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ်နိုင်ငံသံအမတ်ကြီး မစ္စတာအူလက်ဇီမာ ဘာရာဗီကို၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူနဲ့ တာဝန်ရှိသူတွေက မင့်စ်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ပါတယ်။

ဒါ့အပြင် ဂုဏ်ပြုတပ်ဖွဲ့ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အဆင့် နှုတ်ဆက်အလေးပြုခဲ့တယ်လို့ သိရပါတယ်။