ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ၇ရက် ဒေသစံတော်ချိန် မနက်၁၀နာရီမှာ မင့်စ်မြို၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို သွားရောက်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး မိသားစုဝင်တွေနဲ့တွေ့ဆုံကာ ဩဝါဒစကား ပြောကြားပါတယ်။

အဲဒီလိုပြောကြားရာမှာ စီးပွားရေးနဲ့ နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ ဘီလာရုစ်နိုင်ငံကို လာရောက်တာဖြစ်ပြီး သံတမန်ဆက်ဆံရေးတိုးမြှင့်ရေး အဆင်သင့်ပြင်ဆင်ထားကြဖို့ မှာကြားပါတယ်။ဒါ့အပြင် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးသာမက နယ်ပယ်ပေါင်းစုံမှာ တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို ဘီလာရုစ်နိုင်ငံကို ပညာတော်သင်တွေ တိုးမြှင့်စေလွှတ်နိုင်ရေးပါ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။