ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ၆ရက် ဒေသစံတော်ချိန် ညနေပိုင်းက မင့်စ်မြို့ရှိ The Victory Monumentမှာ ပန်းခွေချ အလေးပြုပါတယ်။

အဲဒီအခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ခရီးစဉ်မှာအတူလိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရောက်ပါတယ်။

ပန်းခွေချအလေးပြုပြီးတဲ့နောက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ဂုဏ်ပြုအလေးပြုမှုကို ခံယူခဲ့တယ်လို့ သိရပါတယ်။