ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ ၇ ရက် ဒေသစံတော်ချိန် မနက်၁၁နာရီက မင့်စ်မြို့ရှိ သမ္မတနန်းတော်မှာ ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာအလက်ဇန်းဒါး လူကာရှန်းကော့နဲ့တွေ့ဆုံပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘီလာရုစ်နိုင်ငံသမ္မတက ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။သီးသန့်တွေ့ဆုံစဉ် ဆွေးနွေးတဲ့ အကြောင်းအရာအပြည့်အစုံကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။