ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရိုမန် ဂိုလော့ဗ်ချန်ကိုနဲ့ မတ်လ၇ရက် ဒေသစံတော်ချိန် မွန်းလွဲ၃နာရီအချိန်က ဘီလာရုစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံပါတယ်။

တွေ့ဆုံပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ခရီးစဉ်ကိုအတူလိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ဖို့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။